Pelican နှင့် ကျွန်တော်

April 12 2014

အရင်းက blog လေးတစ်ခုလုပ်ပြီး ubuntu အကြောင်းလေးတွေတော်တော်များများ ရေးခဲ့ဖူးပေမယ့် အဲဒီ blog လေးပျက်သွားပြီးကတည်းက ဆက်မရေးဖြစ်တော့တာ တော်တော်ကြာပါပြီ။ ကြားထဲမှာတော့ အသစ်ရထားတဲ့ blog လေးမှာ တစ် post နှစ် post လောက်တော့တင်ဖြစ်တယ်။ အဲ့နောက်ပိုင်းဆက် မရေးဖြစ်တော့ပြန်ဘူး။ အကြောင်းက ရထားတဲ့ blog က wordpress နဲ့ ဆိုပေမယ့် ပြင်ချင်တိုင်းပြင်ဖို့ admin right မရှိတဲ့အတွက် စိတ်ကြိုက် theme ပြောင်းမရတာရယ် နောက်ပြီး unicode နဲ့ရေးတော့ font မရှိလဲ လူတိုင်းဖတ်နိုင်အောင် font embed လုပ်ဖို့ CSS ဝင်ပြင်လို့မရတာတွေရယ်ကတော့ အဓိကပေါ့။ နောက်တစ်ခုက ကိုယ်က ရေးချင်တာကို text editor မှာရေးပြီး online ပြန်တင်ဖို့ကျ format ပြန်ချိန်ရတာကလဲရှိသေးတယ်။ backup ရှိနေဖို့ကိုလဲ တကူးတကာ့ ပြန်သိမ်းနေရတာနဲ့ဆိုတော့ အလုပ်ကရှုပ်တယ်။ ဒီလိုပဲ အကြောင်းအမျိုးမျိုးပြပြီး မရေးဖြစ်တာကြာပါပြီ။ မနေ့ကမှ အကြံတစ်ခုပေါ်လာတာနဲ့ blog အသစ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ Internet ဟိုဒီရှာရင်း တွေ့လိုက်တဲ့ Ghost ဆိုတဲ့ blogging platform ကိုစမ်းရာကနေ Markdown format နဲ့ ရေးတဲ့ idea ကို အရမ်းသဘောကျသွားတယ်။ ဒါနဲ့ပဲ markdown နဲ့ရေးလို့ရနိုင်တာလေးတွေရှာကြည့်မိတယ်။ Octopress ကိုသူငယ်ချင်းတစ်ယောက် သုံးထားတာတွေ့လို့ စမ်းဖို့ကြည့်တော့ Ruby နဲ့ရေးထားတဲ့ Static Page Generator ဆိုတာကိုတွေ့လိုက်ရတယ်။ ကိုယ်ရေးထားတဲ့ markdown file တွေကို ကိုယ်စိတ်ကြိုက်ပြင်ထားတဲ့ HTML/CSS/JavaScript file တွေနဲ့ Static Page (.html) file လေးတွေထုတ်ပေးတာပါ။ အဲဒါစမ်းဖို့အတွက်ကို Package တွေထပ်သွင်းရမှာဆိုတော့ Ruby အစား ကိုယ်နည်းနည်းပါးပါးသိတဲ့ Python နဲ့များရှိလေမလားဆိုပြီးရှာကြည့်ရင်း Pelican ကိုသွားတွေ့တယ်။ Ubuntu သုံးနေတာဖြစ်တဲ့အတွက် Python ကပါပြီးသားဆိုတော့ လိုအပ်တာလေးနည်းနည်းထပ်ဖြည့်လိုက်တာနဲ့ Pelican ကိုစမ်းလို့ရပြီလေ။ လိုချင်တဲ့ Theme ကို ပြင်ဆင်ပြီးပြီဆိုတာနဲ့ သတ်မှတ်ထားတဲ့ location ထဲမှာ Markdown file လေးတွေရေးထည့်ပြီး command လေးရိုက်လိုက်တာနဲ့ ကိုယ်ပြင်ထားတဲ့အတိုင်း .html ဖိုင်လေးတွေထွက်လာရော။ တော်တော်သဘောကျသွားတယ်။ နောက်ပြီ တစ်ခုသိထားတာက Dropbox မှာ HTML/CSS/JavaScript file တွေထည့်ပြီး dropbox public link နဲ့ပြန်ခေါ်ရင် ရတယ်ဆိုတာပါ။ အဲဒီတော့ အခုအတိုင်း Static Page လေးတွေ အလွယ်တကူရေးလို့ရတဲ့အပြင် Dropbox ကိုလဲ hosting တစ်ခုလိုသာသုံးလို့ရမယ်ဆိုရင် အဆင်ပြေလောက်မယ်ထင်တာနဲ့ Dropbox အသုံးချပုံတွေကိုရှာကြည့်ဖြစ်တယ်။ KISSr လို dropbox နဲ့ ချိတ်ဆက်ပြီး အသုံးပြုလို့ရတဲ့ service သုံးလေးငါးခုလောက်ရှာတွေ့တယ်။ kissr ကတော့ အရိုးရှင်းဆုံးနဲ့ သုံးရအလွယ်ဆုံးဖြစ်မယ်ထင်တာပဲ။ နောက်ပြီး subdomain ယူပြီးသုံးနိုင်တဲ့အပြင် domain name ကလဲ မှတ်ရလွယ်တော့ သုံးမယ်ဆို သုံးလို့အဆင်ပြေပါတယ်။ နောက်တစ်ခုကတော့ github ကိုသုံးပြီး host လုပ်တဲ့နည်းပါ။ Dropbox ကိုသုံးတာက ပိုပြီး လွယ်ကူရှင်းလင်းပေမယ့် github ကိုသုံးလေ့ရှိသူတွေအတွက်ကတော့ ကိုယ့် github မှာပဲ repo ဆောက်ပြီး host လုပ်တာက ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ github က ကိုယ်ပိုင် domain နဲ့ ချိတ်ဆက်အသုံးပြုလို့ရအောင် DNS point လုပ်ဖို့ ip နဲ့ လုပ်ပုံလုပ်နည်းတွေကို အသေစိပ်ရေးပေးထားလို့ပါပဲ။ ဒါပေမယ့် Github ကတော့ host လုပ်ဖို့ repository ကို 1GB အထိပဲအမျာဆုံးသုံးနိုင်ပါတယ်။ ပုံမှန် static page လေးတွေ Host လုပ်ဖို့အတွက်လောက်ကတော့ 1GB ဆိုတဲ့ ပမာဏက မနည်းလှပါဘူး။ ဓာတ်ပုံ၊ video၊ audio တွေကို ကိုယ့် post မှာထည့်ချင်တယ်ဆိုရင်တော့ တခြား Dropbox လို youtube လို service တွေမှာ တင်ပြီး link ပြန်လုပ်သုံးမယ်ဆိုရင် Github ကပေးတဲ့ 1GB ဆိုတဲ့ပမာဏက လုံလောက်မှာပါ။ အခုတော့ github ကိုပဲ သုံးဖို့ ရွေးလိုက်ပါတယ်။


comments powered by Disqus