Tips for Ubuntu-MM

July 3 2014

$

Terminal မှ User ၏ Command Prompt ကိုဆိုလိုခြင်းဖြစ်သည်။ Online မှ Blog များ Tutorial များတွင် Command များကိုဖော်ပြရာ၌ ထည့်သွင်းဖော်ပြလေ့ရှိသည်။ သို့သော် ထို Command အား ကူးယူ အသုံးပြုရာတွင် ထည့်သွင်းအသုံးပြုစရာမလိုပါ။ $ sudo apt-get update ဟုဖော်ပြထားပါက sudo apt-get update ဆိုသော command သာကူယူအသုံးပြုရန်လိုအပ်သည်။

$ အား စာလုံးတစ်ချို့နှင့် ကပ်၍အသုံးပြုထားပါက shell variable အဖြစ် သတ်မှတ်ထားသည်ကို ပြန်လည်ခေါ်ယူ အသုံးပြုခြင်းဖြစ်သည်။

$ var="Hello"
$ echo $var
Hello

အဆိုပါဥပမာရှိ line တစ်ခုချင်း၏ ရှေ့တွင်တွေ့ရသော $ သည် Command Prompt ကိုဆိုလိုခြင်းဖြစ်ပြီး ဒုတိယ line တွင်ပြထားသော $var သည် shell variable ကိုဆိုလိုခြင်းဖြစ်သည်။


#

$ ကဲသို့ပင် Command များ၏ရှေ့တွင် ဖော်ပြလေ့ရှိသည်။ root user super user အနေဖြင့် အသုံးပြုထားသော Terminal ၏ Command Prompt ကိုဆိုလိုခြင်းဖြစ်သည်။ သာမန် User Prompt $ မှ Root User Prompt # သို့ ပြောင်းလိုပါက - sudo -s command ဖြင့်ပြောင်းနိုင်သည်။

$ sudo -s
[sudo] password for user: 
# 

~/

သင်၏ Home Directory ကိုဆိုလိုခြင်းဖြစ်သည်။ တနည်းအားဖြင့် /home/yourname နှင့်တူညီသည်။

$ cd ~/
$ cd /home/yourname

./

Terminal တွင် သင်ရောက်ရှိနေသော လက်ရှိ Directory ကို ဆိုလိုသည်။ Executable file များကို terminal မှတဆင့် run သောအခါတွင်အသုံးပြုလေ့ရှိသည်။ ဥပမာတွင်ပြထားသည်မှာ လက်ရှိ ရောက်ရှိနေသော Directory ထဲမှ script ဆိုသော Executable File ကို run လိုက်ခြင်းဖြစ်သည်။

$ ./script

.

File သို့မဟုတ် Folder တို့၏ အမည်ရှေ့တွင် . ထည့်ပါက ထို File/Folder သည် File Manager ထဲတွင်သာမန်အားဖြင့် မြင်ရမည်မဟုတ်ပါ။ ထို File/Folder များအား File Manager တွင် မြင်နိုင်စေရန် Control + H Key အား နှိပ်၍ ဖော်နိုင်သည်။ အများအားဖြင့် System Configuration file များ folder များတွင်အသုံးပြုလေ့ရှိသည်။ User ၏ Home Directory ~/ ထဲတွင် .local, .config စသဖြင့်တွေ့နိုင်သည်။


sudo

root တနည်းအားဖြင့် super user အနေဖြင့် command များ executable file များအား run သောအခါတွင် သုံးသည်။ Windows တွင် Administrator အနေဖြင့် အသုံးပြုသည်နှင့် တူညီသည်။


Command, Option and Parameter

Terminal တွင်း အသုံးပြုသော command များသည် အများအားဖြင့် လက်ရှိရောက်ရှိနေသော Directory နှင့် အတွင်းရှိ File/Folder များတွင်သာ သက်ရောက်သည်။ အထူးထပ်မံဖြည့်စွက်လိုက်သော Options များ Parameter များပေါ်မူတည်၍သာ အပြောင်းအလဲများရှိသည်။ ဥပမာပြရလျှင် ls command သည် လက်ရှိရောက်ရှိနေသော Directory ထဲမှ File/Folder စာရင်းကို ပြပေးသည်။ ls /usr/share ဟူ၍ parameter အနေဖြင့် Directory Path /usr/share ကိုထည့်ပါက ထို Directory ထဲမှ File/Folder များကိုပြပေးမည်ဖြစ်သည်။

Blog များ Tutorial များတွင်ဖော်ပြထားသော Linux Command များအား ကူးယူအသုံးပြုရာတွင် Error များ တက်နိုင်ပါသည်။ အချို့ Command များမှာ မိမိ Install ပြုလုပ်မထားခြင်းကြောင့် ဖြစ်နိုင်သလို ကူယူရာတွင် text format လွဲချော်ခြင်းကြောင့်လဲဖြစ်နိုင်ပါသည်။

Command များသည် အများအားဖြင့် အောက်ပါ format အတိုင်းရှိတတ်ပါသည်။

$ wget -O skype-ubuntu-current_i386.deb http://www.skype.com/go/getskype-linux-beta-ubuntu-32

အဆိုပါစာကြောင်းတွင် wget သည် Internet ရှိ File များအား terminal မှတဆင့် Download ပြုလုပ်ရာတွင်သုံးသော command တစ်ခုဖြစ်သည်။ -O သည် command ၏ Option ဖြစ်သည်။ Download ဆွဲလိုက်သော file အား နာမည်တစ်ခုဖြင့် ပြောင်းလဲစေလိုလျှင်သုံးပါသည်။ -O နောက်တွင်ရှိသော skype-ubuntu-current_i386.deb သည် ပြောင်းလဲလိုသော File နာမည်ဖြစ်ပြီး ၄င်း၏နောက်ရှိ http://www.skype.com/go/getskype-linux-beta-ubuntu-32 သည် Download ပြုလုပ်မည့် File ရှိရာလမ်းကြောင်း (Link) ဖြစ်သည်။ ထို အစိတ်အပိုင်းတစ်ခုစီ၏ ကြားတွင် Space ခြားထားသည်ကို သတိပြုရန်လိုအပ်သည်။

“wget space -O space skype-ubuntu-current_i386.deb space http://www.skype.com/go/getskype-linux-beta-ubuntu-32"

Command များအသုံးပြုရာတွင် -, --, နှင့် Space တို့ကို အထူးကရုပြုရမည်ဖြစ်ပြီး လွဲချော်နေပါက ထို Command အလုပ်လုပ်မည်မဟုတ်ပါ။


comments powered by Disqus