Red Hat Certifications - FAQ

August 2 2019

Red Hat ရဲ့ RHEL version အကူးအပြောင်းမှာ Certification တွေ၊ Course တွေလည်း ပုံစံတွေပြောင်းကုန်တာကြောင့် သင်တန်းသားတွေကို ခဏခဏရှင်းပြနေရတဲ့အတွက် မေးလေ့ရှိတာလေးတွေကိုစုပြီး ပြန်ဖြေပေးထားတာပါ။ လိုအပ်ရင်လိုအပ်သလို ထပ်မံဖြည့်စွက်ပေးသွားပါမယ်။

RHCSA / RHCE ကို RHEL8 နဲ့သင်ပြီလား?

Linux Lab မှာ အတန်းသစ်တွေကို RHEL8 နဲ့စသင်နေပါပြီ။ သင်လက်စအတန်းတွေကိုတော့ RHEL7 နဲ့ဆက်သင်နေပါတယ်။

RHCSA - RHEL8 မှာဘာတွေပြောင်းသွားမှာလဲ?

RHEL7 တုန်းကနဲ့ အကြောင်းအရာ အကုန်လုံးနီးပါးတူပါတယ်။ အဓိကအနေနဲ့ Storage အပိုင်း Feature အသစ်ဖြစ်တဲ့ Stratis နဲ့ VDO အတွက် topic နှစ်ခုလောက်ပဲပိုပါလာမှာပါ။

RHCSA - RHEL7 နဲ့အောင်ထားသူတွေ RHEL8 နဲ့ ပြန်ဖြေဖို့လိုလား?

RHCSA Certificate သက်တမ်း (၃)နှစ်အတွင်း နောက်တစ်ဆင့်ဖြစ်တဲ့ RHCE ကို RHEL8 ကိုဖြေဆိုပြီး သက်တမ်းတိုးနိုင်ပါတယ်။ သက်တမ်းကျော်လွန်သွားရင်တော့ RHCSA ကို RHEL8 နဲ့ပြန်ဖြေဖို့လိုအပ်ပါလိမ့်မယ်။

RHCE ကို RHEL8 နဲ့ဖြေသင့်ပြီလား?

RHCE - RHEL 7 နဲ့ 8 course ၂ခု ရဲ့ Objective က တော်တော်လေးကို ကွဲလွဲသွားမှာပါ။ RHEL7 နဲ့က Server Service တွေကို အဓိကထားလေ့လာရတာဖြစ်ပေမဲ့ RHEL8 မှာတော့ Automation ကိုအဓိကထားလေ့လာရမှာဖြစ်ပါတယ်။ လက်ရှိ RHCE Course မှာက Web Server, Email, DNS, NFS, Samba, iSCSI, MariaDB, Network Teaming အစရှိတဲ့ အခြေခံ Server Service တွေ နဲ့ Shell Scripting တို့ကိုလေ့လာရတာဖြစ်ပြီး၊ အသစ်မှာတော့ Automation ဆိုတဲ့အတိုင်း Ansible ကို အဓိကထားလေ့လာရမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ Ansible က အရမ်းမတွင်ကျယ်သေးပေမဲ့ စတင်စမ်းသပ်အသုံးချနေကြပြီဖြစ်ပါတယ်။ အဟောင်းမှာပါတဲ့ Concept တွေက မတိမ်ကောသွားသလို အသစ်မှာပါလာမယ့် နည်းပညာဟာလည်း လိုအပ်ချက်တစ်ခုဖြစ်လာမှာပါ။ ဒါကြောင့် ကိုယ်လေ့လာလိုတဲ့အကြောင်းအရာပေါ်မူတည်ပြီးပဲ ရွေးချယ်သင့်ပါတယ်။

RHCE Certification အဟောင်းကဘယ်အချိန်ထိအသိအမှတ်ပြုမှာလဲ?

RHCE - RHEL7 (EX300) exam ကို ၂၀၂၀ ဇွန်လကုန်မှာရပ်နားမယ်ဆိုပေမဲ့ အဲ့ဒီအချိန်မတိုင်ခင်ဖြေဆိုအောင်မြင်ထားသူတွေအနေနဲ့ အောင်မြင်တဲ့နေ့ကစပြီး ၃နှစ်အထိတော့ အသိအမှတ်ပြုပေးထားမှာဖြစ်ပါတယ်။

Certification သက်တမ်းကုန်ကာနီး RHCE - RHEL7 တွေအနေနဲ့ ဘာဆက်လုပ်သင့်လဲ?

Architect Level ကိုဆက်သွားမယ်ဆိုရင်တော့ Red Hat Certified Specialist (RHCS) ဆိုတဲ့ Certification တွေထဲကတစ်ခုခုထပ်ဖြေလိုက်တာနဲ့ RHCE သက်တမ်းတိုးသွားမှာပါ။ RHCE - RHEL8 ကိုထပ်မံဖြေဆိုတာမျိုးလဲလုပ်လို့ရပါတယ်။ RHEL8 ရဲ့ RHCE က Ansible ကိုလေ့လာရတာဖြစ်ပေမဲ့ RHCA certification အတွက်ဆက်လေ့လာမှာဆိုရင်တော့ EX407 ဆိုတဲ့ RHCS in Ansible Automation ကိုလေ့လာဖြေဆိုသင့်ပါတယ်။ Course အနေနဲ့ DO407 ဖြစ်ပြီး RHCE အသစ် RH294 နဲ့ Course Outline တူပါတယ်။ DO407 က Ansible 2.7 ကိုအခြေခံပြီး၊ RH294 က Ansible 2.8 ကိုအခြေခံတာပဲကွာတာပါ။ EX407 ကို ၂၀၂၀ ဇွန်လမကုန်ခင်ထိပဲ ဖြေဆိုခွင့်ရမှာဖြစ်ပြီး RHCA ဖြစ်ဖို့လိုအပ်တဲ့ Certification (၅) ခုထဲ ထည့်တွက်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် Ansible အကြောင်းလေ့လာရတာခြင်းအတူတူ RHCE ကိုထပ်ယူတာထက် RHCS အနေနဲ့ EX407 အချိန်မီဖြေဆိုပြီး RHCA ကိုဆက်သွာတာကလည်း ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။

RHCE - Learning Path


comments powered by Disqus